ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ

မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက်

တွေးဖွယ်ထိုက်ရာ ၊ တစ်ပိုဒ်တစ်လေ

တွေ့ငြားပေမူ ၊ စာပေကျေးကျွန်

ငါ့ဝတ်ပွန်ပြီ ၊ ငါအမွန်အမြတ်

ငါအတက်ဟု ၊ စာဖတ်သူပေါ်

ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ

မလုပ်ပါတည်း။။


တက္ကသိုလ်ဘုန်းနိုင်



အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

Tuesday, December 23, 2008

အပျင်းပြေ ပျော်ဖတ်ဖို့  ပါ

ဖတ်မိလို့သဘောကျမိတာလေးပါ....
အားလုံးကိုပျော်စေချင်လို့ဝေမျှလိုက်ပါတယ်
ရေးသားသူကိုလဲ အရမ်းလေးစားကျေးဇူးတင်မိပါကြောင်းပြောကြားလိုပါတယ် ခင်ဗျာ.....
ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။ ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့် မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊ မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံး ဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်း ဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့် ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ် စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်း တုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့က မည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။ အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter) ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။
မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။ အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေး ဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင် သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူ စတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများ မည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှ မှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။
မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာ ချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည် မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာ အသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish) သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုး ပေါ်ထွက်လာလေ၏။
"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု
၇၆
"hote te lay. Ah lote shote nay de."
ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။
ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်း ရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။
ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊ မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။ ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ် - ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ… တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ လော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီက မက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကို စကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။
တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာ ဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့် တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်း ရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။
မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်- ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင် ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညက အချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ - ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်း လိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။ အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင် ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကို ရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း - ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး - လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။
ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊ မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့် ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်း အများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။

ဟာသအတိုအထွာလေးတွေပါ

ကျွန်တော်မေလ်း ထဲ ကို Forward ကနေပို့  လိုက်လို့ ဖတ်ရအောင်လို့  တင် လိုက်ဖြစ်တာပါ...ဖတ်ကြည့်  ကြပါအုံး..
လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ
ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ
အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။

+ + + + +

* သေနည်းကောင်း*

ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း
သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး
ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"

+ + + + +

မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

+ + + + +

မင်္ဂလာဆောင်တခု၌ဖြစ်သည်

မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"

+ + + + +

အဖေ့အပေါ် မူတည်တယ်

" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။
ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "

+ + + + +

*မဖြစ်ဘူး*

" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊
ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

+ + + + +

*ရွေးချယ်မှု*

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "

+ + + + +

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင်
အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့ 
ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား
((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ
့ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည်
ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး
ဗျာ...))))

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည်
ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ
ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည်
ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး
ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ

Friday, December 19, 2008

ဘာလိုလိုနဲ့ 

ဘာလိုလိုနဲ့  ဆို တဲ့  အတိုင်း ကျွန်တော်တို့  ညီအကိုတွေအား လုံးလည်း လုကြီးတွေတောင်ဖြစ် လာကြပြီနော်..လုကသာကလေးလို့ ထင်နေတာ ပါ..ဒါပေမယ့် ကိုယ် တိုင်ကတော့ လုကြီးလိုနေနေရတာ ပါဗျာ...ကျွန်တော်ကတော့ ဘလောဂ်လေးကိုဝင်ရေးပေးရုံနဲ့ တော့  ကျွန်တော်အကြောင်း ကိုလည်း သိကြမယ်မထင် ပါဘူးဗျာ..ဘယ်လိုဘာတွေဖြစ် ဖြစ်ကျွန်တော် ကတော့  ကြိုက်တဲ့ အချက်ကလေးတွေတော့ ရှိပါတယ်..ဒါတွေကတော့ ..
၁။ပုံမှန်အားဖြင့် မည်သည့်  ဝေဖန်မှု့ ကိုမှမလို
၂။စိတ်ခံစားမှု့ တွေ ကိုရေးထားခြင်းသာဖြစ်ပါတယ်
၃။ကိုယ်ဖြစ်နေရင်ဘယ်သူမှဝင်ပြီးလုပ်ပေးလို့မရပါဘူး
၎။လုပ်ချင်တာလုပ်နေပြီးတော့  လောကကြီးကိုအလှဆင်နိုင်ပါစေ

Thursday, December 11, 2008

DNS Cache Size ကိုတိုးမြှင့်ခြင်းဖြင့် အင်တာနက်အသုံးပြုရာတွင်ပိုမိုမြန်ဆန်စေသည်။

DNS Cache ဆိုသည်မှာ သင်ဝင်ရောက်လည်ပတ်ခဲ့တဲ အင်တာနက်လိပ်စာများကို DNS Cache က သိုလှောင်ထားပေးသည်။ အင်တာနက် အသုံးပြုသူဟာ ၀င်ရောက်အသုံးပြုနေကျ ဆိုက်၏် လိပ်စာကို ရိုက်ထည့်လိုက်တာနဲ့ သက်ဆိုင်ရာဆိုက်နှင့်ချိတ်ဆက်ထားသော IP Address ကို cache တွင်ဦးစွာရှာဖွေပေးခြင်းဖြင့် ခရီးလည်းတို အချိန်ကုန်သက်သာပြီး အင်တာနက်အသုံးပြုမှုကို မြန်ဆန် သွက်လက်စေပါသည်။ ရှာဖွေလိုတဲ့ address မရှိဘူးဆိုမှ နောက်တဆင့်အနေနဲ့ Internet မှာရှိတဲ့ DNS Cache Server မှာ ထပ်မံရှာဖွေပေးတာမို့ ခရီးလည်းရှည် အင်တာနက်အသုံးပြုမှုကိုနှေးကွေးလေးလံစေပါသည်။ဝင်ခဲ့သော လိပ်စာများကို DNS Cach က များများသိမ်းဆည်းပေးနိုင်ဖို့အတွက် Cache ၏ size ကို တိုးပေးဖို့လိုသည်။လုပ်ဆောင်ပုံကိုအောက်တွင်ကြည့်ပါ။

1. Start ----> Run ----- > Type Regedit ရိုက်ပါ။
2. HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters' ကိုရောက်အောင်သွားပါ။


3. ညာဘက် white blank မှာ right click နှိပ် New ကိုနှိပ် DWORD values ကိုရွေးပါ။
4. ပြီးလျှင် CacheHashTableBucketSize ကိုရိုက်ပါ။
5. ပြီးလျှင် right click နှိပ် Modify ကိုရွေးပြီး 0 နေရာမှာ 1 လို့ပြောင်းရိုက်ပါ။


CacheHashTableBucketSize = 1 (လုပ်စရာမလိုတော့ပါ)
အောက်မှစာကြောင်းများကိုလည်း အဆင့် ၃ မှ အဆင့် ၅ အထိ ပုံစံတူလိုက်နာလုပ်ဆောင်ပါ။
CacheHashTableSize = 180
MaxCacheEntryTtlLimit = ff00
MaxSOACacheEntryTtlLimit = 12d


Exit and restart.

Firefox Browser ရှိ စာလုံးများ၏ font ကို ကြီးခြင်း သေးခြင်း။

တစ်ချို့ဝင်နေကျ ဆိုက်တွေမှာဆိုရင် စာလုံးက နဂိုကြည့်လို့ရတဲ့အရွယ်အစားထက်သေးနေတာ ကြီးနေတာတို့ဆိုရင် စာဖတ်ရတာအခက်အခဲဖြစ်နိုင်ပါတယ်။
ဒါဆို firefox မှာ စာလုံးအရွယ်အစားကို ပြင်ချင်တယ်ဆိုရင် ရိုးရိုးရှင်းရှင်း လုပ်ရမှာက Mouse နဲ့ဆိုရင် Ctrl ကိုဖိပြီးတော့ Mouse Scroll Wheel ကို အပေါ်အောက်ရွှေ့ကြည့်ပါ။

keyboard ကဆိုရင်

Ctrl နဲ့ အပေါင်းခလုတ်ကို တွဲနှိပ် ( စာလုံးကြီးမယ်)
Ctrl နဲ့ အနုတ်ခလုတ်ကိုတွဲနှိပ် (စာလုံးသေးမယ်)
Ctrl နဲ့ သုညခလုတ်ကိုတွဲနှိပ် ( ဘယ်လောက်ကြီးကြီး ဘယ်လောက်သေးသေး စာလုံးတွေကို မှုလအရွယ်အစားအတိုင်း ပြန်လည်ထားရှိပေးမှာဖြစ်ပါတယ်။

Firefox တွင် Tab တစ်ခုနှင့်တစ်ခုကြားလျင်မြန်စွာ သွားလာခြင်း

Firefox ကို စဖွင့်လိုက်တာနဲ့ သူကစက်ရဲ့RAM (Memory) ကိုစားသုံးနေပါပြီ။ ဖြစ်နိုင်တာကတော့ တကြိမ်တည်းတပြိုက်တည်းမှာ Tab တွေကိုဖွင့်ထားလို့ဖြစ်ပါတယ်။ Tab တစ်ခုကိုရွေးချယ်ဖွင့်လိုက်ပြီဆိုတာနဲ့ firefox ဟာ ကျွန်တော်တို့စက်ရဲ့ Memory ကိုစားသုံးလိုက်ပါတယ် အဲဒါရဲ့ နောက်ဆက်တွဲကတော့ pageရဲ့တက်လာတဲ့အ ချိန်ဟာလည်နှေးကွေးလေးလံ ကြာမြင့်နိုင်ပါတယ်။တချိန်တည်းမှာ Tabအများကြီးဖွင့်ဖိုလိုအပ်သူတွေ အတွက် Tab တစ်ခုနှင့်တစ်ခုကြား လျင်မြန်စွာ သွားလာအသုံးပြုနိုင်ဖို့ အတွက် left click mouse ကိုမသုံးပဲ keyboard shortcut ကိုအသုံးပြုသင့်ပါတယ်။

Ctrl+1 to go first tab and Ctrl+9 to go End tab.

Ctrl+Tab ( Tab တစ်ခုချင်းစီကိုသွားနိုင်)

Ctrl+Pgup
Ctrl+Pgdown

Ctrl+Shift+T (ပိတ်ခဲ့တဲ့ Tab ကိုပြန်လည်ခေါ်ယူချင်ရင်တော့) / Restore Tab

ရပ်ဆိုင်းသွားတဲ့ Programs တွေကို system မှ အလိုအလျောက် ပိတ်ခြင်း

င်းဒိုး အိပ်(စ်)ပိ မှာ ရပ်ဆိုင်းသွားတဲ့ programs တွေကို ပိတ်ချင်ရင်Task Manager ( ctrl+Alt+Del ) ကိုဖွင့် Application Tab မှာရပ်ဆိုင်းနေတဲ့ programs ကို ရွေး ပြီးရင် End Task ကိုနှိပ် ဟူး …..မောလိုက်တာ …..

အထက်ပါနည်းက လုပ်နေကျအတိုင်းသွားတာ အခုပြောမယ့်နည်းကတော့ ခေါင်းစဉ်မှာရေး ထားသလိုပဲ

Run box မှာ Regedit လို့ ရိုက် Enter ခေါက်။

HKEY_CURRENT_USER\Control Panel\ Desktop ကိုရောက်အောင်သွားပါ။

ညာဘက်ခြမ်းက AutoEndTasks မှာ right click နှိပ် Modify ကိုရွေး

Value ကို 0 အစား 1 ပြောင်းလိုက် ပြီးရင် OK နှိပ်ထွက်ဗျာ။

ပုံမှန်အတိုင်း system boot မတက်ရင် system restore ကိုသုံးပါ။

COLOR=#NaNNaNNaN]ပထမစမ်းကြည့်ရန်

System down သွားရင် Windows GUI ပုံမှန်မတက်တော့ဘူးဆိုရင်တော့ အရင်ဦးဆုံး စက်ကို restart လုပ် စတက်လာရင် F8 ကိုနှိပ်ထား ပြီးရင် " Safe Mode " ကိုရွေး Enter ခေါက်ဖို့မမေ့နဲ့။ Safe Mode နဲ့တက်တယ်ဆိုရင် နောက်ထပ်တစ်ခေါက် Restart လုပ်ကြည့် ဒီတစ်ခါ normal နဲ့တက်ကြည့်ပေါ့ ရမလား မရဘူးဆိုရင်တော့။
[/COLOR][/SIZE][COLOR=#NaNNaNNaN]
ဒုတိယစမ်းကြည့်ရန်

နောက်ထပ်တစ်ကြိမ် စက်ကို restart လုပ် စတက်လာရင် F8 ကိုနှိပ်ထား ပြီးရင် " Safe Mode with command prompt"ကိုရွေး Enter ခေါက်ဖို့မမေ့နဲ့။ System က command prompt နဲ့တက်လာပြီဆိုရင်တော့ ရိုက်ရမှာက [/COLOR][/SIZE][COLOR=#NaNNaNNaN]
%systemroot%\system32\restore\rstrui.exe enter ခေါက်ပါ။ onscreen ညွှန်ကြားချက်အတိုင်း ကြည့်ပြီးတော့ system ၏ နဂိုကောင်းတဲ့ ပွိုင့်ကို ပြန်ရွေးပေးကြည့်ပါ။

မရဘူးဆိုရင်တော့ ဆိုင်ပို့ဗျာ။

ကျွန်တော် လည်း မရေးတာကြာနေပြီလေ...

ကျွန်တော်တို့  ကာလူးဂါဘလောဂ်လေး ကို လာရောက် လည်ပတ် အား ပေးကြတဲ့  ညီ လေးအကိုကြီးများ ကို ကျေးဇူးပါခင်ဗျာ..အရာအားလုံးသည် ဘာမှမလုပ်ပဲ နဲ့  အဆင်ပြေနိုင်ကြပါစေ ဗျာ...

Tuesday, December 2, 2008

သူငယ်ချင်းများ

World = Football field
The world is like a football field
We, The friends of same ambition,Are a football team
.Our same aim is to score goals,As much as we can hold.
You are a striker,But sometimeYou will play as a goalkeeperYou are a midfielder,
But if need You will have to play as a defender.
Of course, defending not to be scored goalsIs as important as to score goal.
As the world's field is so wide,Sometime, we can't see each other for a long life.
No matter what happened,Our main theme is thatOur team to win the matchLet's try our bestLet's play with our heartAnd let's take the cupsFor leaving our marksOn the pages of the past.

ကျွန်တော်နှင့် သိပ္ပံနည်းကျ ချစ်ခြင်း၏နိယာမများ

အရာဝထ္တုတစ်ခုပေါ်ကို အား တစ်စုံတရာ သက်ရောက်ခြင်းခံရပါက အားသက်ရောက်ခြင်း ခံရသော အရာဝထ္တုသည် တူညီသော အား တစ်ခုကို တန်ပြန်တယ်လို့ နယူတန်ရဲ့ နိယာမက ဆိုပါတယ်။နှလုံးဆိုသော အရာဝထ္တုတစ်ခုပေါ်ကို အချစ်ဆိုသော အားတစ်ခု သက်ရောက်ခြင်းခံရပါက အား သက်ရောက် ခြင်းခံရသော နှလုံးသားသည် သက်ရောက်သော အချစ်အင်အားနှင့်ညီမျှသည့် ခံစားချက်တစ်ခုကို တုန့်ပြန်သည်။ ယင်းခံစားချက် တွင် အချစ်ကြီးပဲတုန့်ပြန် တတ်သည်မဟုတ်ပဲ တစ်ခါတစ်ရံတွင် အမုန်းနှင့် နာကျဉ်ခြင်းများ လည်းပါဝင်တတ်သည်. . .အရှိန်ပြင်းစွာ မောင်းနှင်းနေသော ကားတစ်စီးကို ရုတ်တရက် ရပ်လိုက်ပါက ကားပေါ်တွင် ပါလာသော ခရီးသည်များသည် ကားရပ်သကဲ့ သို့ရပ်တန့်မသွားပဲ အရှိန်ဖြင့်ရှေ့သို့ လဲကျသွားတတ်တယ်လို့ အင်နားရှား သီအိုရီကဆိုပါတယ်။အရှိန်ပြင်းစွာ မောင်းနှင်လာသော အချစ်ဘတ်စ် ကားကြီး ရုတ်တရက် ရပ်တန့်လိုက်ပါက အချစ်ယာဉ်ပေါ်တွင် စီးနှင်း လိုက်ပါ လာသော နှလုံးသား ခရီးသည်များသည် အလိုက်သင့်ရပ် တန့်သွားခြင်းမရှိပဲ အင်နားရှား သီအိုရီအရ အရှေ့သို့ ဟတ်ထိုး လဲကျသွား တတ်ကြသည်။အချစ်ယာဉ်သည် တဖြည်းဖြည်းချင်း အရှိန်လျှော့ကာ ရပ်တပ်သွားခြင်းဖြစ်ပါက နှလုံးသား ခရီးသည်များ ဟတ်ထိုးလဲကျမူ သက်သာသော်လည်း အရှိန်ပြင်းမှာ ရုတ်တရက် ရပ်တပ်သွာ ခြင်းဖြစ်ပါက ပိုမို အထိနာတတ်ကြသည် . . .ရေဇလုံတစ်ခု အတွင်းသို့ အရာဝထ္တုတစ်ခု ထည့်လိုက်ပါ ယင်းအရာဝထ္တု နှင့်တူညီသော ပမာဏရှိသည့် ရေများသည် ပြင်ပသို့ ဖိတ်ကျသွား တယ်လို့ အာခီမီဒီး ရဲ့ နိယာမက ဆိုပါတယ်။ဘ၀ဆိုသော ရေဇလုံကြီးထဲသို့ အချစ်ဆိုသော အရာဝထ္တုတစ်ခု ကိုထည့်လိုက်ပါက ထည့်လိုက်သည့် အချစ်ပမာဏနှင့် ညီမျှသော ဘ၀အစိတ်ပိုင်းများသည် ပြင်ပသို့ ဖိတ်စင်သွား တတ်ကြသည်။ပြင်ပသို့ ဖိတ်စင်သွားသော ဘ၀အစိတ်ပိုင်းများသည် တစ်ခါတရံတွင် မပြောပလောက်သော်လဲ တစ်ခါတစ်ရံတွင် အနာဂတ်ဘ၀ကြီး တစ်ခုလုံးကို မဲမှောင်သွားစေသည် . . .ရေကို နောက်ဆုံး အဆင့်အထိ ဓာတ်ခွဲကြည့်ပါက H2O ဆိုသော အက်တန်လေး သုံးခုသာ ကျန်ကြောင်း ဓာတုဗေဒ သီအိုရီများက ဆိုသည်။နှလုံးသား တစ်ခုကို နောက်ဆုံး အဆင့်အထိ ဓာတ်ခွဲကြည့်လိုက်ပါက ရေကဲ့သို့ပင် အက်တန်လေး သုံးခုသာ ကျန်ရှိကြောင်းကို တွေ့ရသည်။ ယင်းအက်တန် သုံးခုမှာ ချစ်ခြင်း မုန်းခြင်း နှင့်ခံစား ခြင်းတို့ ဖြစ်ကြသည်။ ချစ်ခြင်းနှင့် မုန်းခြင်းသည် ဓာတ်သဘောတူ သောအက်တန် နှစ်လုံး ဖြစ်ပြီ H2 နှင့် တူညီသည်။ ခံစားခြင်းသည် သီးခြား အက်တန် ဖြစ်ပြီး O နှင့် တူညီသည်။ချစ်ခြင်း နှင့် မုန်းခြင်း ဆိုသော အက်တန်လေး နှစ်လုံးသည် နှလုံးသား၏ တစ်ဘက်တစ်ချက် စီတွင် နေရာယူသည်။ ခံစား ခြင်းဆိုသော အက်တန်လေးသည် သီးခြားနေရာမရှိပဲ ချစ်ခြင်းနှင့် မုန်းခြင်း ပေါ်တွင်လည့်ပတ်သွားလာသည်။ ယင်းသိုလည့်ပတ်ရာတွင် ချစ်ခြင်း ဘက်အခြမ်း တွင်ရောက်နေပါက ချစ်သည်။ ချစ်ရင်း ချစ်ရင်း အချစ်တွေ ဂိတ်ဆုံး သွားပါက အမုန်းဘက် အခြမ်းသို့ ရောက်သွားတော့သည်။ အမုန်းဘက် အခြမ်းတွင် ရောက်ရှိနေပါကလည်း မုန်းသည်။ မုန်းရင်း မုန်းရင်း နှင့် အမုန်းတွေ ဂိတ်ဆုံးသွားပါက အချစ်ဘက် အခြမ်းသို့ ရောက်သွားပါတော့သည် . . .

အဆက်

မေးခွန်းနံပါတ်တစ် ဘယ်တုန်းကရောက်သလဲ
မေးခွန်းနံပါတ်နှစ် ဘယ်တော့ပြန်မလဲ
မေးခွန်းနံပါတ်သုံး ဘာအတွက် လာတာလဲ

ကမ္ဘာမြေကမေးသော မေးခွန်းသုံးခု

ကမ္ဘာမြေသည် လူသာများ အပေါ် ချစ်ခြင်းလဲမှရှိ မုန်းချင်းလဲ မရှိ သလို မြတ်နိုးခြင်းလဲမရှိပါ။ ဖာသိဖာသာ နေလေ့ရှိသည်။ ကမ္ဘာမြေသည် လူသားတို့ အပေါ်ကို ဆုံးမခြင်း ဆုချခြင်း ဒါဏ်ခတ်ခြင်း အလျှင်းမရှိပါ။ကမ္ဘာမြေသည် ရွှေဥဥပေးတဲ့ ငန်းတစ်ကောင်နဲ့ တူပါ၏။ သူ့ကိုဒါဏ်ရာတွေ ရအောင်လုပ်ထားရင်တော့ ဥဥပေးနိုင်မည် မဟုတ်ပါ။ ကောင်းကောင်း ပြုစုလျှင်လူသား တို့အတွက် ဥများစွာကို ဥပေးပါသည်။ တခါတည်း အပြီးသတ်စား ချင်ရင်လဲရပါသည်။ သို့သော် နောက်ထပ် ရွှေဥပေးနိုင်တော့ မည်မဟုတ်ပါ။လူသားတို့သည် ကမ္ဘာမြေပေါ်ကို ဖက်တွယ်ကြ၏။ ကမ္ဘာကြီးပေါတွင် အသက်ရှင် နေထိုင်ကြသည်။ သေဆုံးသွားကြသည်။ကမ္ဘမြေကြီးသည် လူသားတို့ကို ဂရုမစိုက်ပါ။ သို့ရာတွင် ကမ္ဘာမြေကြီးသည် သူထံတွင် ခေတ္တတည်းခိုရန် လာရောက်သူများကို မေးခွန်း သုံးခုမေးလေ့ရှိသည်။ယင်းမေးခွန်းသုံးခုထဲမှပထမမေးခွန်း အတွက် အဖြေကို ရွေးချယ်ခွင့်မရှိကြပါ။ဒုတိယမေးခွန်း၏ ဖြေကို လူသားတို့ မသိကြပါ။တတိယ မေးခွန်း၏ အဖြေကိုကား လူသားတို့ စိတ်တိုင်ကျ ရွှေးချယ် ဖြေဆိုခွင့်ရှိပါသည်

တောင်တက်သမား၏ အောင်မြင်မှု့ 

လူတစ်ယောက်ရဲ့ ဘ၀မှာ ကိုယ့်ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကို ရောက်သွားပြီ ဆိုရင် အောင်မြင် သွားပြီလို့ ထင်ထား တတ်ကြသည်။ အပေါ်ယံ ကြည့်မည် ဆိုလျှင်တော့ ဟုတ်ပါသည်။ သို့သော် ရည်မှန်းချက်ရဲ့ အမြင့်ဆုံး နေရာကား အောင်မြင်မှု၏ ခရီးတစ်ဝက်မျှသာ . . . . .ကျွန်တော်တို့ ဇာတိမြို့လေး၏ အနောက်ဘက် ခြောက်မိုင်ခန့်ရှိ တောင်တစ်လုံး ပေါ်တွင် ရှေးဟောင်း လိုဏ်ဂူကြီးကို ဒေသခံရွာသားများ တူးဖော် နေကြောင်း သတင်းရ၍ သတင်း သမားပီပီ သွားရောက် စပ်စု ကြည့်သည်။ တောင်ခြေ ရောက်အောင် သွားရသည့် ခရီးကား ဖုံထူကာ ကြမ်းတမ်းလှသည်။ တောင်ခြေ ရောက်တော့မှ သာသနာ့ အလံများ လွှင့်ထူထားသည်ကို တွေ့ရသည်။တောင်၏ မြေက ကျောက်တောင်ဟု ပြောလျှင် ကျောက်ချည်း မဟုတ် ကျောက်များနှင့် ကျောက်ဖြစ်ရန် သက်တမ်း နုသေးသည်ဟု ယူဆရသော သက်နုကျောက်မြေများ ရောယှက်နေသည့် တောင် တစ်လုံးမျှသာ ဖြစ်သည်။ကျွန်တော်တို့သည် တောင်တက်လေ့ တက်ထရှိသည့် လူများ မဟုတ်သည့်အားလျှော်စွာ စတက်ပြီး ၁၅ မိနစ်ခန့် အကြာတွင် စတင်မောဟိုက် လာတော့သည်။ နားလိုက် တက်လိုက် တက်ခဲ့ကြရာ တစ်နာရီ ကျော်ကျော်မျှ ကြာသောအခါ ရှေးဟောင်း ကျောက်ဂူကြီး ရှိရာဆီသို့ ရောက်ခဲ့သည်။ ဂူကြီးများ အနီးတွင် ဥာဏ်တော် တစ်ပေခန့်ရှိ ထိုင်တော်မှု ဘုရားတစ်ဆူ၊ ညောင်ရေအိုး လေးငါးလုံးခန့်နှင့် ငှက်ပျောပွဲ တစ်ပွဲသာ တွေ့ရသည်။ဂူမှာ နှစ်ဂူဖြစ်ပြီး တွေ့တွေ့ချင်းဂူ၏ အထက်နား ကျကျတွင် နောက်တစ်ဂူဖြစ်သည်။ တွေ့တွေ့ချင်း ဂူထဲ ၀င်ကြည့်သောအခါ မှောင်မဲနေပြီး ဘာမျှမမြင်ရပေ။ အစပိုင်းတွင် တုတ်နှင့်စမ်းပြီး သွားကြည့် သေးသော်လည်း မှောင်မှောင် မဲမဲ ဂူကြီးထဲတွင် စမ်းတ၀ါးဝါး လျှက်သွား နေခြင်းသည် အကျိုး ထူးနိုင်ဖွယ် မရှိသောကြောင့် ပြန်ခဲ့ရသည်။နောက်တစ်ရက်မှ ဂူတွင်းဝင်ကြည့်ရန် ဓာတ်မီးတစ်လက် မီးခြစ် ဖရောင်းတိုင်များနှင့် ကျွန်တော်တို့ အုပ်စု ထပ်တက်ကြပြန်သည်။ ယခုတစ်ခေါက်တွင် မနေ့က အရှိန်ကြောင့် ကြွက်သားများ နာကျင်သလိုဖြစ်နေသည်။ ထို့ကြောင့် ပထနေ့ကလောက် ခရီးမတွင်။ တစ်နာရီခွဲခန့် အကြာတက်ပြီးနောက် ကျောက်ဂူကြီးများဆီသို့ ရောက်ခဲ့ပြန်သည်။ပထမဂူတွင် ဆယ်ပေကျော် ခန့်သာရှိပြီး အဆုံးတွင် တူးလက်စ ပေါက်ပြားနှင့် ကိရိယာပစ္စည်း တစ်ချို့သာ တွေ့ရသည်။ ထို့နောက် ဒုတိယ ဂူကို ကျွန်တော်တို့ အုပ်စု ဆက်လက် ၀င်ကြည့် ကြပြန်သည် ။ ဒုတိယဂူသည် ပထမဂူလို လမ်းလျှောက်ဝင်၍ မရ။ ၀မ်းလျား မောက်ဝင်ပြီး တွားသွားကာ ခပ်ပြေပြေလေး တက်သွား ရသည်။ အနည်းငယ် တက်ပြီးနောက် အတွင်ဘက်တွင် ပြန်ကျယ်သွားပြီး လမ်းလျှေက်၍ ရသည်။ ထိုမှတစ်ဆင့် ဆက်လက် တက်သွားရာ ၀မ်းလျားထိုးမှောက် အနေထားအတိုင်း ကျဉ်းမြောင်း သွားပြန်သည်။ ထိုအနေအထား အတိုင်းဝင်ခဲ့ပြီး များမကြာမှီတွင် ဂူဆုံး သွားတော့သည်။ ကျွန်တော် တို့မျှောင်လင့် ထားသည်က ဂူထဲတွင် ထူးထူး ဆန်းဆန်း တစ်စုံ တစ်ရာ တွေ့ရမည်ဟု ထင်ကြသည်။ အတွင်းပိုင်း နေရာတွင် လင်နို့များမှလွဲ၍ ဘာမျှမရှိပေ။ ဂူအပြင်ကို ပြန်ရောက်တော့ ပတ်ဝန်းကျင်ကို လေ့လာ ကြည့်မိသည်။ ဂူသည် တောင်၏ ထိပ်ပိုင်းနား တွင်ရှိပြီး တောင်ထိပ်သို့ ရောက်ရန် သိပ်မလို တော့ပေ။ထို့ကြောင့် ဒီအတိုင်း ပြန်ဆင်းရမည့် အတူ တောင်ထိပ်ကို ရောက်ဖူးသည် ရှိအောင် ဆက်လက် တက်ကြည့် ကြသည်။ ဂူအထိတက်စဉ်က လမ်းကလေး ဖောက်ထား သော်လည်း ဂူမှဆက်တက်ရန် လမ်းဖောက် ထားခြင်းမရှိပေ။ ဂူမှကြည့်စဉ်က တောင်ထိပ် ရောက်ရန် သိပ်မလိုတော့ဟု ထင်ထား ရသော်လည်း အနည်းငယ် ဆက်တက် လိုက်တော့မှ တောင်က ထင်ထားသည်ထက် ပိုမြင့်နေသည်။ အချို့နေရာ တွေမှာ မတ်စောက်သည်။ အချို့နေရာများသည် ဆင်ခြေလျှောလေး ဖြစ်နေသော်လည်း တွယ်ကုတ်စရာ အပင်မရှိပဲ ခဲလေး ဖုလေး တွေကိုသာ အားပြုပြီး တွယ်တက်ရသည်။ တခါတရံတွင် အမှီပြု ကိုင်ထားသော ခဲလုံးက ကျွတ်ထွက်ခဲ့တာမျိုး၊ မိမိကျားကန်ထားသော ခဲလုံးများ ချော်ထွက် သွားတာ မျိုးရှိသည်။ ထိုဆင်ခြေလျှော နေရာလေးကို ကျော်ပြီးနောက် ကိုးဆယ်ဒီဂရီနီးပါး မှတ်စောက်လှသော တောင်နံရံကြီးကို ပေသုံးဆယ်ကျော်ခန့် တွယ်တက်ပြီးသောအခါ တောင်ထိပ်ပိုင်း အနီးကို ရောက်ခဲ့သည်။ိုနေရာကနေ တောင်ထိပ်ရောက်အောင် သွားရာတွင် သိပ်မခက်ခဲလှတော့ပေ။နောက်ဆုံးတွင် တောင်ထိပ်ကို ရောက်ခဲ့ကြသည်။ ကျွန်တော်တို့ ပျော်လို့မဆုံးပါ။ ကိုယ့်ကိုကိုယ် တကယ့်ကမ္ဘာကျော် တောင်တက် သမားကြီးတွေလို အမှတ်တရ ပစ္စည်းတွေ မြုတ်ကြသည် အမှတ်တရ ခဲလုံးလေးတွေ ကောက်ကြသည်။ ကျွန်တော်တို့ ထင်လိုက်ကြတာက ဒီတောင်ကြီးရဲ့ အမြင့်ဆုံးနေရာကို ရောက်ခဲ့ပြီ ဒါကြောင့် ကျွန်တော်တို့ အောင်မြင်သွားပြီလို့လေ။ ဒါပေမယ့် ဒီလ တွေးထားခဲ့တာ မှားပြီဆိုတာကိုတော့ ပြန်ဆင်းဖို့ရာ ခရီးစလိုက်တော့မှ သိလိုက်ရပါတော့သည်။တောင်အဆင်းကလည်း တောင်တက်ခဲ့စဉ်ကအတိုင်း ခက်ခဲနေမည် ဆိုတာ အရင်က မစဉ်းစားမိခဲ့ပါ။ တောင်တက်စဉ်ကလိုပဲ ခဲလုံးများကို သတိကိုင်တွယ်ဆင်းရသည်။ အခက်ခဲများ အားလုံးသည် တောင်တက်စဉ်ကလိုပင်ဖြစ်သည်။တကယ်တော့ လက်တွေ့ဘ၀၏ အောင်မြင်များသည်လည်း တောင်တက်သမားများ၏ အောင်မြင်လိုသာဖြစ်ကြသည်။ မိမိရလိုရာ အောင်မြင်မှုတစ်ခုကို တောင်တစ်လုံးပေါ်တက်သကဲ့သို့ ကြိုးစားခဲ့ကြရသည်။ အခက်ခဲတွေကျော်ဖြတ်ပြီး ပန်းတိုင်ရောက်သည့်အခါတွင် ငါတက်နိုင်ခဲ့ပြီ ငါကြိုးစားနိုင်ခဲ့ပြီ ပြီးတော့ ငါဆိုသော ဂုဏ်ဖော်စိတ်များနှင့် ကြည်နူးကြေနပ်လေ့ ရှိကြတော့သည်။ဘ၀ဆိုသည်မှာ အနိမ့်ရှိသလို အမြင့်လည်းရှိသည်။ အောင်မြင်မှုရှိသလို ဆုံးရှုံးမှုလည်းရှိသည်။ဘ၀၏ အမြင့်ဆုံးနေရာသည် ခရီးဆုံး မဟုတ်သေးပေ။ အမြင့်ဆုံးနေရာကို ရောက်သူတိုင်းသည် သရဖူကို ဆက်လက်ထိမ်းဖို့နှင့် ကိုယ့်ဘ၀ ဌာနေပြန်ကြ ရသည့်အခါ အကောင်းဆုံးဖြစ်ဖို့ ခရီးဆက်ကြရဦးမည်။တောင်ထိပ်သည် တောင်တက်ခရီး အောင်မြင်ဖို့ရာအတွက် လမ်းတစ်ဝက်မျှသာဖြစ်သည်။ ထို့အတူ ဘ၀ရည်မှန်းချက်ရဲ့ အမြင့်ဆုံးသရဖူသည် ပြီးပြည့်စုံသော အေင်မြင်မှု၏ ခရီးတစ်ဝက်မျှသာဖြစ်သည်။

မအောင့်နိုင်လို့ပါ

လူသုံးယောက် တောအုပ်တစ်ခုအတွင်းတွင် လမ်းပျောက်နေရာမှ လူသားစား လူရိုင်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင် လူရိုင်းကြီးက နောက်ဆုံး အခွင့်အရေးပေးသည်။ တောထဲတွင် ရှိသော သစ်သီး များအနက်မှ ကြိုက်ရာ သစ်သီး ၁၀လုံးကို အမြန်ဆုံး ယူလာရန် အမိန့်ပေးသည်။ သုံးယောက်လုံး အမြန်ထွက်သွားကြသည်။ ပထမလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကို ပြောသည်။ကျွန်တော်ပန်းသီးဆယ်လုံးယူလာပါတယ်၊ ကျွန်တော်သွားလို့ရပြီလားခင်ဗျာ…..ခေါင်းဆောင်ကြီးက ခေါင်းခါပြီးဆက်ပြောသည်။မရဘူး။ မင်းယူလာသမျှ ပန်းသီးဆယ်လုံးလုံးကို မင်းဖင်ထဲကိုသွတ်ထည့်ရမယ်။ မငိုရဘူး။ မရီရဘူး။ မမဲ့ရဘူး။ မအော်ရဘူး၊ မျက်နှာပျက်တာနဲ့ သတ်စားတာခံရမယ်…ပထမလူ ကြိုးစားထည့်ကြည့်သည်၊ ပထမဆုံး ပန်းသီးတစ်လုံး ၀င်သွားသည်၊ သို့သော် နောက်တစ်လုံး အရောက်တွင် နာလွန်းသဖြင့် အော်မိရာ သတ်စားခံလိုက်ရသည်၊ဒုတိယလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကြီးအား စတော်ဘယ်ရီသီး ဆယ်လုံးယူလာပြသည်။ခေါင်းဆောင်ကြီးက စည်းကမ်းချက်များကို ရှင်းပြသောအခါ ဒုတိယလူ အသက်ရှူ ချောင်သွားပြီး စတော်ဘယ်ရီသီးများကို စသွတ်သည်၊၁။ ၂။ ၃။ ၄။ ၅။ ၆။ ရ။ ၈ လုံး။ ၉ လုံး… ဟား ဟား ဟား ဟား ……..နောက်ဆုံး အလုံးသွင်းခါနီးတွင် မအောင့်နိုင်ပဲ ရီလိုက်မိသဖြင့် ဒုတိယလူလည်း သတ်စားခံလိုက်ရသည်။ပထမလူနှင့် ဒုတိယလူ နတ်ပြည်တွင်တွေ့သောအခါ ပထမလူကအံ့သြတကြီး မေးလေသည်။ခင်ဗျားဗျာ…. ဘာလို့ရီလိုက်ရတာလဲ နောက်ဆုံး တစ်လုံးတောင် ၀င်တော့မယ့် ဟာကို…..ဒုတိယလူပြန်ဖြေသည်။မင်းနောက်ဆုံးကောင် ၀င်လာတာကို မတွေ့လိုက်ဘူး မဟုတ်လား။ ဒီကောင် ထမ်းလာတာ နာနတ်သီးတွေကွ… ဟီး..ဟီး…………။

မင်းရောပြင်ဆင်ပြီးပြီလားသူငယ်ချင်း


အရှေ့ ကနေထွက်တယ်...အနောက်ကိုနေ၀င်တယ်
နေ့ မှာနေထွက်ပြီး ညမှာလသာတယ်
နွေမှာပူပြီး ဆောင်းမှာအေးတယ်...မိုးတွင်းမှာမိုးရွာတယ်
နေရဲ့ တာဝန်က နေ့ တစ်ခြမ်းအတွက်ပဲ
လရဲ့ ဂျုတီက ညတစ်ခြမ်းအတွက်ပဲ (တစ်ရက်ကိုသူတို့ နှစ်ယောက်ခွဲပြီးပိုင်စိုးထားတယ်)
ဆောင်းမှာမပူသလို နွေမှာမချမ်းဘူး....မိုးတွင်းကြီးတော့ နှင်းမကျနိုင်ပါဘူး
အရာရာအဆုံးရှိတယ်သူငယ်ချင်း
ဒီနေ့ မွေးပေမယ့်မနက်ဖြန်သေသွားနိုင်တာပဲ....နက်ဖြန်မသေတောင်
နောက်နေ့ နောက်နေ့ တွေမှာ မင်းဘ၀ချုပ်ငြိမ်းသွားနိုင်တယ်....အဆုံးသင်္ခါရ ကိုငါတို့
လူသားတွေကစပြီး ကမ္ဘာလောကတစ်ခွင်လုံး လက်ကိုင်ထားရတယ်လေ....
အသက်တစ်ရက် ကြီးလာတာဟာ သေဖို့ တစ်ရက်နီးလာတာနဲ့ တူတူပဲ
သေဖို့ တစ်ရက်နီးလာမှာကို ပျော်ရွှင်စွာနဲ့ ဒင်နာပေးနေမလားသူငယ်ချင်း
ခရီးရှည်တစ်ခုကိုအားလုံးထွက်ကြရမယ်လေ...မထွက်ခင် ပြင်ဆင်ထားလိုက်တာအကောင်းဆုံး
လို့ ငါထင်တယ်...ထွက်ပြီဟေ့ ဆိုမှ ငါဘာတွေပြင်ထားပါလိမ့်လို့ လှည့်ကြည့်လို့ မရတော့ဘူး
မင်းကိုပြင်ဆင်ဖို့ ပေးထားတဲ့အချိန်တွေကို မင်း လတ်တလောသာယာမှုအတွက် သုံးမှာလား
ပေးထားတဲ့အချိန်ကိုအကျိုးရှိရှိသုံးလိုက်ကြပါကွာ...ပညာချိန်မှာ ပညာလုပ်လိုက်ပါ...သဘာဝတရား
ကြီးကအချိန်ကိုခွဲတမ်းချပေးပြီးသားပါ....မှားယွင်းစွာအသုံးမချမိဖို့ ပဲလိုတယ်....ပြင်ဆင်လိုက်ပါသူငယ်ချင်း
နောက်ကျနေပြီဆိုပေမယ့် တစ်ဝက်ခရီးကိုတော့မင်းမှီမှာပါ................................

इफ यौर बोर्न पूर,इट्स यौर्स नोट मिस्ताके
इफ यौर डेथ पूर,इट्स यौर्स मिस्ताके
ကျရောက်ခဲ့တဲ့မွေးနေ့ လေးမှာအမှတ်တရ ချပြခဲ့တယ်

ဆုံးရှုံးမှာကိုကြောက်နေလား.......?

မပူပါနဲ့ဗျာ......................
သုညဆိုတာမရှိခဲ့ ရင် တစ် ဆိုတာလည်းဖြစ်မလာပါဘူး....
လုပ်သလိုမဖြစ်ရင်.... ဖြစ်သလိုလုပ်ပါမယ်......
ဆုံးရှုံးသွားပါစေ...
အေးဆေး....
သုညတော့ရှိပါတယ်....

အမှတ်တရ ကာလုဂါ.......

ချပ်ကျောင်းကြီးပေါ့ဗျာ.... နေ၀င်ဆည်းဆာလေးနဲ့ ကျွန်တော်တို့ရဲ့ ကာလုဂါပါ......

ပုံပြင်ဆိုတာလေး

ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒီလိုပါ။...တစ်ခါတုန်းကသိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ခက်တာက သူတို့နေတဲ့အိမ်မှာ ချက်ပြုတ် စားသောက်ဖို့ မီးဖိုတစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကြရင် ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။တစ်နေ့လဲမဟုတ်၊ နှစ်နေ့လဲမဟုတ် နေ့တိုင်းနေ့တိုင်း မနက်စာတောင်းလိုက် ညစာတောင်းလိုက်နဲ့ ဆိုတော့ ပေးရတဲ့ အိမ်တွေကလဲ ငြိုငြင်လာတယ်။“ခင်ဗျားတို့ကလည်းဗျာ၊ တစ်သက်လုံး ဒီလိုပဲ တောင်းစား နေတော့မှာလား။ ကိုယ့်ဖါသာ ကိုယ်လည်း ချက်စားကြ ဦးမှပေါ့”“ချက်တော့ ချက်စားချင်ပါတယ်ဗျာ။ ဒါပေမဲ့ မီးဖို မရှိလို့ပါ”“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျ။ ဒါမှမဟုတ် ခင်ဗျားတို့လဲ သိပ္ပံပညာရှင် တွေပဲ… ကိုယ့်ဖါသာကိုယ် မီးဖိုလေးတစ်လုံး တောင် ဖြစ်အောင် မလုပ်တတ် ကြဘူးလား”ဒီလို အပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီး…“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်ကြတယ်။ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက် ကြမယ်ပေါ့။ ဒီလိုနဲက အားလုံးသဘောတူ လိုက်ကြတယ်။အဲဒါနဲ့… မီးဖိုကြီးတစ်လုံး စပြီး တည်ဆောက် ဖြစ်ကြရော ဆိုပါတော့ …။မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီး ကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”အဲဒီ အကြံကြောင့် မီးဖိုအောက်မှာ ဘီးတွေ တပ်ဖြစ်သွားတယ်။ အဲဒီမှာတင် နောက်တစ်ယောက်က“ဘီးတွေကြီးပဲရှိရင် ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…“စက်လဲ တတ်ပြီးပြီ၊ ဘီးတွေလဲ ရှိပြီ၊ မောင်းလို့လဲ ရနေပြီဆိုတော့… တစ်ခါတည်း လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေတယ် ကြားလို့ လာကြည့်ကြတဲ့ လူတစ်ယောက်က အဲဒီမီးဖိုကိုလည်း မြင်ရော ရင်သပ်ရှုမော ဖြစ်သွားပြီး…“အို… အံမခန်း လက်ရာပဲ”လို့ ချီးကျူးတယ်။ အဲဒီလူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူ မှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါလေရော… တဲ့။ကြည့်တဲ့သူတိုင်း ကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံ ကြားလေလေ သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရ လာလေလေ… သူတို့ လက်စွမ်းပြ ချင်လာလေလေ ပေါ့။ဒါနဲ့ သိပ္ပံပညာရှင် တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲ တပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေ ကိုပါ အလိုအလျှောက် စနစ်နဲ့ ဖွဲစည်း ပြောင်းလဲ လို့ရအောင် တပ်ဆင်လိုက်တယ်။နောက်တစ်ယောက်ကတော့ လေဖိအားသုံး စနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ မီးဖိုကြီးက မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေး နိုင်တယ်။တတိယသိပ္ပံပညာရှင် ကတော့ မီးဖိုကြီး အတွင်းမှာ ကွန်ပြူတာ တစ်လုံး တပ်ဆင်လိုက်တယ်။ သိချင်တဲ့ ပြသနာ မှန်သမျှကို အဲဒီ ကွန်ပြူတာ ဖြေရှင်းပေးနိုင်တယ် ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပြူတာက ဗေဒင် ဟောပေးတယ်… တဲ့။လူတွေက မီးဖိုကြီးရဲ့ ဗေဒင်ဟာ သိပ်မှန်တာပဲ လို့ချီးမွမ်းကြတယ်။နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ အထူးခြား အဆန်းသစ်ဆုံး အပြည့်အစုံဆုံး မီးဖိုကြီးပါ။ ချွတ်ယွင်းချက်လေး တစ်ခုပဲ ရှိတယ်။အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး…တဲ့။သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ၊ ဟင်းတွေ လိုက်တောင်းစား နေရတာပါပဲတဲ့။ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး လျှောက်စဉ်းစား နေမိတယ်။“ဘ၀မှာ ကျွန်တော်တို့ ဘာတွေကို တည်ဆောက် နေခဲ့ ကြပါလိမ့်...” လို့။

ချစ်သူနှစ်ဦးအပြန်အလှန်လက်ဆောင်လေးပေးတတ်ဖို့ 

1 ။ ( ကိုယ့်ကို အမြဲ သတိရနေပါ )အလှစိုက်သစ်ပင် ---------- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်ဦးထုပ် ---------- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
2 ။ (မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )
စက္ကူ ကြိုးကြာရုပ် တစ်ထောင် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင် မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန
်3 ။ (ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ)မီးခြစ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်ပြာခွက် ---- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
4 ။ ( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင်) ဒိုင်ယာရီစာအုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်ဘောလ်ပင် ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန
်5 ။ (ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက်)ဓာတ်ပုံ မှန်ဘောင်လှလှလေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်ဝိုင်ပုလင်း ----- မိန်းကလေးမှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန
်6 ။ (လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ = ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )လက်ကိုင်ပုဝါ ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်စားပွဲတင်ပြက္ခတိန် ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန
်7 ။ (ချစ်သူကို စိတ်ဆိုးပြေအောင်ချော့တဲ့ အခါ )အ၀ါရောင်ပန်းပွင့် ပန်းစည်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်သီချင်းဓာတ်ပြာ အယ်ဘမ် ----- မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
8 ။ (ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )ကြည့်မှန်သေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်သော့ချိတ်လေး ----- မိန်းကလေးမှ ယောကျာင်္လေးသို့ လက်ဆောင်ပေးရန
်9 ။ ( လက်ထပ်ချင်ပြီ )လက်စွပ်တစ်ကွင်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်လက်ပတ်နာရီ ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
10 ။ ( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )နှုတ်ခမ်းနီ ဆိုးဆေး ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်အင်္ကျီ အ၀တ်အစား ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်
11 ။ (တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )ဖဲ ကြိုးလှလှလေးချည်ထားတဲ့ ပန်းစည်း ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်ချောကလက်ဘူး ----- မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
12 ။ ( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲ ဖြစ်နေရင် )အမွှေးပွပွ ၀က်ဝံရုပ် ----- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်ရေမွှေး ပုလင်း ----- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်

နွေးထွေးစွာကြိုဆိုပါတယ် ချစ်ဆွေများ

အဆောင်ဘေးကဆောက်လုပ်တာ၂ နှစ်နီးပါးရှိပြီဖြစ်တဲ့ ကွန်ဒိုကြီး
ဘာရယ်ညာရယ်မဟုတ်ပေါ့ခင်ဗျာ॥အမှတ်တရလေးအနေနဲ့ ဖြစ်သွားအောင်ပါ॥အခုမှစတင်တဲ့အတွက်
အမှားအယွင်းလေတွေလဲရှိနိုင်ပါတယ်...ချစ်သူငယ်ချင်းတို့ ရဲ့ ကာလုဂါအမှတ်တရလေးကို ဒီမှာပဲရင်ဖွင့်
သွားနိုင်ပါတယ်॥အားလုံးကိုကြိုဆိုပါတယ်॥အမိမြေနဲ့ ဝေးပြီးတစ်နယ်ရပ်ခြားမှာပညာသင်နေရတဲ့ ကျွန်တော်
တို့ ဘ၀တွေမှာ တစ်နေ့ တာအတွင်း ကြုံတာဆုံတာအမှတ်ရစရာတွေအလွန်ပဲများလှပါတယ်॥ကြေကွဲစရာ
တွေရှိသလိုပျော်ရွှင်စရာတွေလဲ ရှိခဲ့ပါတယ်...ဘာပဲပြောပြောပါ॥အားလုံးအတွက်အမှတ်တရလေးဖြစ်ကျန်
ခဲ့စေရန်လည်းကောင်း...ပြောချင်တာတွေကိုရင်ဖွင့်နိုင်ရန်အလို့ ငှာ စာမျက်နှာများစတင်ဖွင့်လှစ်လိုက်ပါတယ်
တစ်ချိန်ကအမှတ်တစ်မဲ့ဟာ।တစ်ချိန်မှာ အမှတ်တရ ဖြစ်လာနိုင်တယ်လေ....အားလုံးပဲလုပ်ချင်တာလုပ်နေ
တာတွေ ဖြစ်ချင်သလိုဖြစ်လာနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း အဖွင့်စာမျက်နှာ ချလိုက်ရပါတယ်ဗျာ

ဘယ်လိုဖြစ်ခြင်ကြတာလဲ......

ကျွန်တော်တို့ရဲ့ ကျောင်းနဲ့ မြို့လေးကသူ့ဟာလေးနဲ့သူတော့အားလုံးအဆင်ပြေပါတယ်ခင်ဗျာ.... မရနိုင်တာကိုတော့တောင်းတ မနေတော့ပါဘူး..... ဖီတရယ်ဘူးခ် မှာနေခြင်တယ်ဆိုတာမျိုးပေါ့.... ဟဲဟဲ... လူတစ်ယောက်မှာတော့ကိုဖြစ်ခြင်တာတစ်ခုစီတော့ရှိစမြဲပါ... ဒါပေမယ့်ဘာတွေပဲလုပ်နေလုပ်နေ... ကိုယ့်အတွက်တော့တစ်ခုခုကျန်အောင်လုပ်သွားစေခြင်ပါတယ်ခင်ဗျာ... တစ်ခါတစ်လေ ကိုဘ၀ ကြီးထင်နေတာတွေက ကိုဖြစ်သန်းရမယ့် ပုံစံထဲမှာ ထင်သလောက်အသုံးမတည့်တာမျိုးလေးတွေရှိတတ်ပါတယ်...ဒါလေးတစ်ခုတော့သတိထားမိစေခြင်ပါတယ်... ဆရာလုပ်တာမဟုတ်ပါဘူးခင်ဗျာ... အကြံပေးတာပါ.... နော်
အားလုံးကိုကျေးဇူးပါ....

သူငယ်ချင်းများအတွက် ကုဋေ.

သူငယ်ချင်း မင်းဘ၀က
သုံညဆိုရင်
တွဲဖက်ရမဲ့ ဂဏန်းရှာပြီး
တန်ဖိုးတက်အောင် ကြိုးစားပါကွာ...
ငါတော့ မလုပ်နိုင်သေးလို့  ကွာ...

ဆင်ဖြူရှင်မင်း(၁၇၆၃-၁၇၇၆)

ယိုးဒယားကိုနိုင်အောင်တိုက်ခိုက်ခဲ့တဲ့မင်းတစ်ပါးဖြစ်ပါတယ်။ အယုဒ္ဒယကိုသိမ်းပြီး ဆင်ဖြူရလာသောကြောင့် ဆင်ဖြူရှင်ဆိုတဲ့ဘွဲ့ကိုခံယူခဲ့ပါတယ်။ လက်ရုံးရည်ပြည့်စုံတဲ့မင်းတစ်ပါးလို့ပြောလို့ရပါတယ်။ သူ့လက်ထက်မှာ တရုတ်တို့ရဲ့ကျူးကျော်မှု့ကိုလည်းခံခဲ့ရတဲ့ အတွက် နှစ်ရှည်လများတရုတ်နဲ့လည်းစစ်ဖြစ်ခဲ့ရပါတယ်။ စစ်ဖြစ်တာဟာလည်း အမြဲတမ်းတိုက်နေတာမျိုးမဟုတ်ပဲ နားလိုက်တိုက်လိုက်လုပ်ခဲ့တာပါ။ နောက်ဆုံးမှာမြန်မာ ဘက်ကနိုင်တဲ့အတွက် တရုတ်ဘက်ကစစ်ပြေငြိမ်းရေးကမ်းလှမ်းခဲ့ပါတယ်။ မြန်မာဗိုလ်ချုပ် ကသူ့သဘောနှင့်သူစစ်ပြေငြိမ်းခဲ့တဲ့အတွက်လည်း အဲဒီဗိုလ်ချုပ်အပြင်သူ့အိမ်သူအိမ်သားတွေ အပါအ၀င် တရုတ်ဘက်ကဆက်သခဲ့တဲ့လက်ဆောင်တွေကို ရွက်ပြီးတစ်နေကုန်နေပူထဲမှာ အခြောက်လှမ်းခံခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ရာဇပရိယာယ်ကြွယ်ဝတဲ့ မင်းတစ်ပါးလို့မှတ်ယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဘက်ကစစ်ပြေငြိမ်းရေး စာချူပ်ကိုဖောက်ဖျက်ခဲ့မယ်ဆိုရင်တောင် သူသဘောမတူပဲနဲ့ မြန်မာဗိုလ်ချုပ်တစ်ယောက်က သူ့ဆန္ဒအတိုင်းစစ်ပြေငြိမ်းခဲ့တဲ့အတွက် သူ့နဲ့ဘာမှ မသက်ဆိုင်ကြောင်းပြောလို့ရပါတယ်။ နောက်ဆုံးပြောချင်တာကတော့ဖခင်စကားကိုပါယ်ရှားပြီးညီတော်အမြင့်မင်းသားကိုအိမ်ရှေ့စံမထားပဲ။ သားတော်စဉ့်ကူးမင်းသားကိုအိမ်ရှေ့စံပေးခဲ့ပါတယ်။ သွေးချောင်းစီးမဲ့နန်းတွင်းလူသတ်ပွဲတွေဟာဆင်ဖြူရှင်ခေတ်က စတင်ခဲ့တယ်လို့သတ်မှတ်လို့ရပါတယ်။ နောက်ထပ်ပရိယာယ်တစ်ခုကညီတော်အမြင့်မင်းသားကိုသူ့လက်ထက်မှာ အကျယ်ချူပ်သဘောမျိုးပဲထားခဲ့တဲ့အတွက်ညီတော်တွေကိုသူ့လက်နဲ့သတ်တယ်လို့နောက်လာနောက်သားတွေပြောလို့မရအောင်လုပ်ခဲ့ပါတယ်။

နောင်တော်မင်းတရာကြီး

နောင်တော်ကြီးမင်း(၁၇၆၀-၁၇၆၃)အလောင်းမင်းတရားရဲ့သားတော်အကြီးဆုံးပါ။ နန်းသက်ကသိပ်မကြာလိုက်တဲ့မင်းတစ်ပါးလည်းဖြစ်ပါတယ်။ သူ့လက်ထက်မှာစစ်ဒဏ်ကြောင့်ပင်ပန်းနေတဲ့တိုင်းသူပြည်သား တွေကိုငဲ့ညာပြီး စစ်ပွဲတွေကိုတက်နိုင်သမျှလျော့ခဲ့ပါတယ်။ ဖခင်စကားကိုနားထောင်ပြီး ပုံကန်ခြားနားခဲ့တဲ့ ညီတော်ကိုလည်းခွင့်လွှတ်ခဲ့ရုံသာမကအိမ်ရှေ့စံမင်းသားနေရာ ပေးခဲ့ပါတယ်။ ဒါပေမဲ့အလောင်းမင်းတရားရဲ့ရဲဘော်ခြောက်ကျိပ်ဝင်သွေးသောက်တွေရဲ့ ပုံကန်မှုကိုခံခဲ့ရပါတယ်။ ဖခင်အားကိုးရတဲ့လက်ရုံးရည်တော်တဲ့သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဖခင်ရဲ့သွေးသောက်ရဲဖော်ရဲဘက်များနှင့် ဆက်ဆံရေးပြေပြစ်ပုံမရပါဘူး။ ဒါကလည်းမင်းသား ကိုအပြစ်ပြောလို့တော့ရမယ်မထင်ပါဘူး။ ဘုရင့်သားတော်တွေဖြစ်လေ့ရှိတဲ့ပြသနာတစ်ခုလို့ မြင်မိပါတယ်။ ယေဘုယျပြောရမယ်ဆိုရင်တော့ စိတ်သဘောထားနူးညံ့ပြီးမိဘစကားကို နားထောင်တဲ့မင်းသားတစ်ပါလို့ပြောလို့ရပါတယ်။ ဖခင်ရဲ့သွေးသောက်ရဲဖော်တွေရဲ့ ပုန်ကန်မှုကိုခံခဲ့သည့်တိုင် သွေးသောက်တွေကိုမသတ်ခဲ့တဲ့အတွက် သံယောဇဉ်ကြီးပြီး ကျေးဇူးနာလည်တယ်လို့လည်းကောက်ချက်ချမိပါတယ်။

အလောင်းမင်းတရား(၁၇၅၂-၁၇၆၀)

ငယ်နာမည်က ဦးအောင်ဇေယျပါ။ တတိယမြန်မာနိုင်ငံ(ကုန်းဘောင်မင်းဆက်) ကိုစတင်တည်ထောင်သူဖြစ်ပါတယ်။ လက်ရုံးရည်၊ နှစ်လုံးရည်နဲ့ ပြည့်စုံတဲ့ မင်းတစ်ပါးဖြစ်တယ်လို့သမိုင်းဆရာတော်တော်များရဲ့ သတ်မှတ်ခြင်းကိုခံရသူပါ။ မုဆိုးဖိုရွာသူကြီးကနေ တတိယမြန်မာနိုင်ငံကြီးကို စတင်တည်ထောင်ခဲ့သူပါ။ သူ့လက်ထက်မှာလည်းအနောက်နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေးရှိနေပြီးလက်နက်များဝယ်ယူဖို့ကြိုးစားခဲ့ပါတယ်။ သံတမန်ဆက်ဆံရေးတွေမှာအနည်းငယ်တင်းမာမှုတွေရှိခဲ့ပေမဲ သူ့ရဲ့အရည်အချင်းတွေကြောင့်အင်္ဂလိပ်တွေဘက်မှ အလျော့ပေးဆက်ဆံမှုတွေရှိခဲ့ပါတယ်။ မီးငယ်အမြင်မှာတော့စည်းရုံးရေးစွမ်းရည်ရှိပြီးပြိုင်ဘက်မင်းလောင်းများကိုပညာသားပါပါနှင့်စည်းရုံးနိုင်သူဟုထင်မိပါတယ်။ နောက်ဆုံးတစ်ခုဝေဖန်ချင်တာကတော့ သားတော်များကြီးစဉ်ငယ်လိုက်ငါဧ။်အရိုက်အရာကို ဆက်ခံရမယ်လို့ ပြောခဲ့တာကတော့ကုန်းဘောင်ခေတ်မှာသွေးချောင်းစီးစေမဲ့အဖြစ်များကိုစတင်စေခဲ့တဲ့ စကားလို့ထင်ပါတယ်။ မီးငယ်အမြင်အရရူးသွပ်တဲ့အတွေးခေါ်တစ်ခုလို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့သက်ဦးဆံပိုင်ဘုရင်စနစ်မှာ ညီအစ်ကိုအချင်းချင်းသူ့ထက်ငါအလုအယက်နန်းလုခဲ့တာတွေဟာရှေ့ခေတ်တွေမှာလည်းရှိခဲ့ဖူးပါတယ်။ ဦးအောင်ဇေယျကတော့သူ့သေသွားပြီးနောက်ပိုင်းမှာသားတွေကသူ့စကားကိုနားထောင်လိမ့်မယ်လို့ဖခင်တစ်ယောက်အနေနှင့်ယူဆခဲ့တယ်လို့မြင်ပါတယ်။

ကုန်းဘောင်မင်းဆက်များ.

ကုန်းဘောင်မင်းဆက်မှာ စုစုပေါင်းမင်းဆက်(၁၁)ဆက်ရှိပါတယ်။
၁။အလောင်းမင်းတရား
၂။နောင်တော်ကြီးမင်း
၃။ဆင်ဖြူရှင်မင်း
၎။စဉ့်ကူးမင်း
၅။ဖောင်းကားစားမောင်မောင
်၆။ဘိုးတော်ဘုရား(ဦးဝိုင်း)
၇။ စစ်ကိုင်းမင်း(ဘကြီးတော်)
၈။ သာယာဝတီမင်း(ရွှေဘိုမင်း)
၉။ပုဂံမင်း
၁၀။ မင်းတုန်းမင်း
၁၁။ သီပေါမင်း တို့ပါ။

တခါတရံဟုတ်ကောင်းဟုတ်ရာ၏

ဝင်ချင်းတိုင်းဝင် ထွက်ချင်းတိုင်းထွက် လို့ရအောင
်ငါ့နှလုံးသားက…
လူတိုင်းတည်းတဲ့…Hotel မဟုတ်ဘူး။
ပါတ်သတ်ခဲ့ပြီး..မေ့ပစ်ရအောင်….
ငါ့စိတ်က…ရေးပြီးဖျက်လို့လွယ်တဲ့…
White Board မဟုတ်ဘူး။
ချစ်ပြီး..မုန်းလိုက်ရအောင်လည်းငါ့အချစ်က
သုံးပြီး..လွင့်ပစ်လိုက်ရတဲ့…
တစ်ခါသုံး
Tissue မဟုတ်ဘူး။

ကျွန်တော်တို့ဘုရားခန်းလေး

ကျွန်တော်တို့ ကျောင်းကနေတဲ့ အဆောင်မှာဆိုအလွန်ကြည်ညိုဖွယ် ကောင်းတဲ့ ဘုရားခန်းလေးရှိပါတယ်..မြန်မာတွေအတွက်ပေါ့  သန့် သန့်  ရှင်းရှင်းလေးပါပဲ..မြန်မာ လုမျိုးအတွက်ဂုဏ်ယူစရာလေးပေါ့  ...အခါကြီးရက်ကြီးတွေမှာဆိုလည်း ပရိတ်တရားတွေဘာတွေလည်းနာတော်မုလိုက်နဲ့ ဆရာမတွေကို ကန်တော့ လိုက်နဲ့ တော်တော် လည်း ကျက် သရေရှိလှပါတယ်...အရင် အဆက်ဆက်က အကိုကြီးတွေထားပြီးပုဇော်ထားတဲ့  ဘုရားကြေးဆင်းတုတော်တွေကလည်းတော်တော်လည်း ကြည်ညိုဖို့  ကောင်းလှပါတယ်...ကျွန်တော်ကတော့  တစ်ခါတစ်လေတော့ ဘုရားခန်းအစည်းအဝေးမှာဆိုဘုရားရှိခိုးဖြစ် ပါတယ်..ကုသိုလ် ကောင်းမှု့  လေးပေါ့ ဗျာ..သိတယ်မလား..လုဆိုတာ ကလည်း လုပ်ထားမှတော်ကာကြတာ လေ...:)...တော်တော်လည်းအထင်တွေကြီးမသွားနဲ့  နော်...ဟီး..

အေးအေးချမ်းချမ်းပါပဲ..

ကျွန်တော်တို့ ဆီကတော့  အေး အေး ချမ်းချမ်းဆိုတဲ့  အတိုင်းအရမ်းအေးပြီးအရမ်းလည်းချမ်းပါတယ်.ရာသီဥတုလေးကလည်း ကိုက် ပါ့  ကောင်းမှကောင်းဆိုတာ ပါပဲ . ညနေ ကျောင်း ကပြန်လာဆို စိတ်ကလေး က သိတဲ့  အတိုင်းပဲ..ထကြွနေပြီ...စာ လောင် နေပြီလေ..(ထမင်းပြောတာနော်)...ဒါနဲ့ ပဲ မီးဖိုခန်းလေးဝင် ဟိုဟာလေးရှာဒီဟာလေးရှာ ဟိုခွဲဒီခွဲ (ကြက်ဥနော်)...ပြီးရင်ရေနွေးအိုးလေးတည်...အပေါ်ထပ်တက် စားစရာတွေသွားယူ(အကြွေးနော်) ဒိလိုနဲ့ ဟို ဖေါက်ဒီဖေါက် (ခေါက်ဆွဲခြောက်) လေးနဲ့  ပြီးသွား တာ ပါပဲ လေ..ဒီလိုနဲ့ နေလာ တာ လည်း တော်တော်လည်းကြာနေပါပီ...ချောင်ချောင်လည်လည်ပါပဲ..လည်တော့  လည်တယ်...ခေါင်းတွေပြောတာ.... ( အဟင့်  ) .....

ရောက်ရာပေါက်ရာ...

ရောက်ရာ ပေါက်ရာဆိုတော့ ဘာရေးရင် ကောင်းမလဲ မသိ ဘူး နော်.. ကာလုးဂါကာ ကောင်တွေစာကြိုးစာနော်.သိလား...စာကြိုးစာတယ် ဆိုတယ် ကောင်တယ် မလား..:P ကျွန်တော်ကတော့ အရမ်း ကြိုးစားပါတယ် ..ကျွန်တော်နာမည်က ကုဋေပါခင်ဗျာ.... အခုလည်းကြိုးစားနေပါတယ်...အကုန်လုံး...:)..သိတယ်မလား ဘာတွေကြိုးစားနေတယ် ဆိုတာ ကို....ဟဟ

ပျော်အောင်နေမှာလား တော်အောင်နေမှာ လား

လုတွေကများသောအားဖြင့် ပျော် အောင်နေခြင်တဲသူတွေများပါတယ်....ဒါကလည်း အများတွေးကြပါတယ်..တချို့ ကတော့ မတုညီကြပါဘူး ခင်ဗျာ..ဘာလို့ လဲဆိုတော့ အားလုံးသောသူတွေက အဆင်ပြေခြင်တယ် ..ဘာအပုပင်မှမလိုချင်ကြပါဘူး ..ဒီတော့ ကျွန်တော်တို့တွေလည်း ဘာအပုပင်မှမလိုချင်သလို့ လုတိုင်းကလည်းမလိုချင်ကြပါဘူး ...ဒီလိုဖြစ် ဖို့ ကတော့ ကျွန်တော် တွေးတာ ကတော့ ကိုယ့်  ကိုကိုယ်ပြင် ဖို့ က အရေးကြီးဆုံးလို့ ထင် ပါတယ်။။။။ ကျွန်တော် တော့  ပြင် လို့ မပြီးသေး ပါဘူး ..အခုထိလည်းပြင် နေတုန်း ပါပဲ..ဒီတော့  ကျွန်တော်တို့ တွေ ကိုယ် ကိုကိုယ် ပျော်အောင် နေဖို့ ထက် နေရတဲ့ ပညာသင်ရတဲ့  အခိုက်ကလေးမှာ တော်အောင် နေကြဖို့ တိုက်တွန်းချင် ပါတယ်.....

ချစ်လှစွာသောသူငယ်ချင်းများ.....

ကျွန်တော်တို့ ကတော့  အလွန်တရာမှအေးချမ်းလှသော ကာလူးဂါမြို့ လေးမှ မြန်မာ ကျောင်းသား လေးများဖြစ်ပါတယ်ခင်ဗျာ.. ကျွန်တော် တို့ ပညာသင်ကြားနေရတဲ့ မြို့ ကလေးကတော့ မြန်မာနိုင်ငံကမြို့  နဲ့ စာရင် ရန်ကုန်လောက်တောင်မကြီးကျယ်လှပါဘူး..ဘယ်မြို့  နဲ့  တူလဲ ဆိုလို့ လဲမခန့်မှန်းတတ်ပါဘူး...သူငယ် ချင်းတွေရေးမှပဲသိကြပါမှာ ပါ...ခင် ဗျာ...သူငယ် ချင်းတွေလည်း ရေးကြပါအုံးနော်...ကာ လူးဂါမှချစ်သူငယ် ချင်းများ အား....လေးစားပါတယ်....

ကြိုဆိုပါတယ်.....

ကျွန်တော်တို့ ကာလုးဂါကျောင်းသားများအား ဒီဘလောဂ်မှတဆင့်  ကိုယ် နှစ်သက်ရာလေးအား ရေးသားနိုင်အောင် ...မိမိတတ်ကျွမ်းတဲ့ ပညာလေးကိုဝေမျှနိုင်အောင် ကျွန်တော် တို့  ကနေ မျှဝေစေချင်လို့ ပါခင်ဗျာ......အားလုံး ၀ိုင်းဝန်းကူညီကြပါအုံးနော်.....ရှိနေတဲ့ ပုံလေးတွေနဲ့ အတုတုအားလုံးမျှဝေပြီးတော့ လုပ်ကြဖို့ တိုက်တွန်းပါတယ် ခင်ဗျာ...................................လေးစားပါတယ်..အားလုံး ကို

ကာလူးဂါမြန်မာကျောင်းသားများ......

သူငယ်ချင်များအား ကာလုးဂါမြန်မာကျောင်းသားများမှကြိုဆိုပါတယ်ခင်ဗျာ...ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံမှာပညာသင်ကြားနေကြတဲ့ ကာလူးဂါမြန်မာကျောင်းသားများဖြစ်ပါတယ်ခင်ဗျာ...ကျွန်တော် ကျောင်းနဲ့ ပတ် သတ်တာတွေနဲ့ အတု အမိမြန်မာပြည်ကိုချစ်တဲစိတ်နဲ့ တုညီကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းများအားလုံး ကိုကြိုဆိုပါတယ်ခင်ဗျာ...
မြန်မာပြည်သူပြည်သားအားလုံးစိတ်၏ကျန်းမားခြင်း ကိုယ် ၏ချမ်းသားခြင်းနဲ့  ပြည့်  စုံကြပါစေလို့ကျွန်တော်တို့ကာလုးဂါကျောင်းသားများမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ....
ခင်မင်လေးစားစွာဖြင့်
ကာလူးဂါကျောင်းသားများ..............