ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ

မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက်

တွေးဖွယ်ထိုက်ရာ ၊ တစ်ပိုဒ်တစ်လေ

တွေ့ငြားပေမူ ၊ စာပေကျေးကျွန်

ငါ့ဝတ်ပွန်ပြီ ၊ ငါအမွန်အမြတ်

ငါအတက်ဟု ၊ စာဖတ်သူပေါ်

ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ

မလုပ်ပါတည်း။။


တက္ကသိုလ်ဘုန်းနိုင်



အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

Thursday, December 11, 2008

DNS Cache Size ကိုတိုးမြှင့်ခြင်းဖြင့် အင်တာနက်အသုံးပြုရာတွင်ပိုမိုမြန်ဆန်စေသည်။

DNS Cache ဆိုသည်မှာ သင်ဝင်ရောက်လည်ပတ်ခဲ့တဲ အင်တာနက်လိပ်စာများကို DNS Cache က သိုလှောင်ထားပေးသည်။ အင်တာနက် အသုံးပြုသူဟာ ၀င်ရောက်အသုံးပြုနေကျ ဆိုက်၏် လိပ်စာကို ရိုက်ထည့်လိုက်တာနဲ့ သက်ဆိုင်ရာဆိုက်နှင့်ချိတ်ဆက်ထားသော IP Address ကို cache တွင်ဦးစွာရှာဖွေပေးခြင်းဖြင့် ခရီးလည်းတို အချိန်ကုန်သက်သာပြီး အင်တာနက်အသုံးပြုမှုကို မြန်ဆန် သွက်လက်စေပါသည်။ ရှာဖွေလိုတဲ့ address မရှိဘူးဆိုမှ နောက်တဆင့်အနေနဲ့ Internet မှာရှိတဲ့ DNS Cache Server မှာ ထပ်မံရှာဖွေပေးတာမို့ ခရီးလည်းရှည် အင်တာနက်အသုံးပြုမှုကိုနှေးကွေးလေးလံစေပါသည်။ဝင်ခဲ့သော လိပ်စာများကို DNS Cach က များများသိမ်းဆည်းပေးနိုင်ဖို့အတွက် Cache ၏ size ကို တိုးပေးဖို့လိုသည်။လုပ်ဆောင်ပုံကိုအောက်တွင်ကြည့်ပါ။

1. Start ----> Run ----- > Type Regedit ရိုက်ပါ။
2. HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Dnscache\Parameters' ကိုရောက်အောင်သွားပါ။


3. ညာဘက် white blank မှာ right click နှိပ် New ကိုနှိပ် DWORD values ကိုရွေးပါ။
4. ပြီးလျှင် CacheHashTableBucketSize ကိုရိုက်ပါ။
5. ပြီးလျှင် right click နှိပ် Modify ကိုရွေးပြီး 0 နေရာမှာ 1 လို့ပြောင်းရိုက်ပါ။


CacheHashTableBucketSize = 1 (လုပ်စရာမလိုတော့ပါ)
အောက်မှစာကြောင်းများကိုလည်း အဆင့် ၃ မှ အဆင့် ၅ အထိ ပုံစံတူလိုက်နာလုပ်ဆောင်ပါ။
CacheHashTableSize = 180
MaxCacheEntryTtlLimit = ff00
MaxSOACacheEntryTtlLimit = 12d


Exit and restart.

Firefox Browser ရှိ စာလုံးများ၏ font ကို ကြီးခြင်း သေးခြင်း။

တစ်ချို့ဝင်နေကျ ဆိုက်တွေမှာဆိုရင် စာလုံးက နဂိုကြည့်လို့ရတဲ့အရွယ်အစားထက်သေးနေတာ ကြီးနေတာတို့ဆိုရင် စာဖတ်ရတာအခက်အခဲဖြစ်နိုင်ပါတယ်။
ဒါဆို firefox မှာ စာလုံးအရွယ်အစားကို ပြင်ချင်တယ်ဆိုရင် ရိုးရိုးရှင်းရှင်း လုပ်ရမှာက Mouse နဲ့ဆိုရင် Ctrl ကိုဖိပြီးတော့ Mouse Scroll Wheel ကို အပေါ်အောက်ရွှေ့ကြည့်ပါ။

keyboard ကဆိုရင်

Ctrl နဲ့ အပေါင်းခလုတ်ကို တွဲနှိပ် ( စာလုံးကြီးမယ်)
Ctrl နဲ့ အနုတ်ခလုတ်ကိုတွဲနှိပ် (စာလုံးသေးမယ်)
Ctrl နဲ့ သုညခလုတ်ကိုတွဲနှိပ် ( ဘယ်လောက်ကြီးကြီး ဘယ်လောက်သေးသေး စာလုံးတွေကို မှုလအရွယ်အစားအတိုင်း ပြန်လည်ထားရှိပေးမှာဖြစ်ပါတယ်။

Firefox တွင် Tab တစ်ခုနှင့်တစ်ခုကြားလျင်မြန်စွာ သွားလာခြင်း

Firefox ကို စဖွင့်လိုက်တာနဲ့ သူကစက်ရဲ့RAM (Memory) ကိုစားသုံးနေပါပြီ။ ဖြစ်နိုင်တာကတော့ တကြိမ်တည်းတပြိုက်တည်းမှာ Tab တွေကိုဖွင့်ထားလို့ဖြစ်ပါတယ်။ Tab တစ်ခုကိုရွေးချယ်ဖွင့်လိုက်ပြီဆိုတာနဲ့ firefox ဟာ ကျွန်တော်တို့စက်ရဲ့ Memory ကိုစားသုံးလိုက်ပါတယ် အဲဒါရဲ့ နောက်ဆက်တွဲကတော့ pageရဲ့တက်လာတဲ့အ ချိန်ဟာလည်နှေးကွေးလေးလံ ကြာမြင့်နိုင်ပါတယ်။တချိန်တည်းမှာ Tabအများကြီးဖွင့်ဖိုလိုအပ်သူတွေ အတွက် Tab တစ်ခုနှင့်တစ်ခုကြား လျင်မြန်စွာ သွားလာအသုံးပြုနိုင်ဖို့ အတွက် left click mouse ကိုမသုံးပဲ keyboard shortcut ကိုအသုံးပြုသင့်ပါတယ်။

Ctrl+1 to go first tab and Ctrl+9 to go End tab.

Ctrl+Tab ( Tab တစ်ခုချင်းစီကိုသွားနိုင်)

Ctrl+Pgup
Ctrl+Pgdown

Ctrl+Shift+T (ပိတ်ခဲ့တဲ့ Tab ကိုပြန်လည်ခေါ်ယူချင်ရင်တော့) / Restore Tab

ရပ်ဆိုင်းသွားတဲ့ Programs တွေကို system မှ အလိုအလျောက် ပိတ်ခြင်း

င်းဒိုး အိပ်(စ်)ပိ မှာ ရပ်ဆိုင်းသွားတဲ့ programs တွေကို ပိတ်ချင်ရင်Task Manager ( ctrl+Alt+Del ) ကိုဖွင့် Application Tab မှာရပ်ဆိုင်းနေတဲ့ programs ကို ရွေး ပြီးရင် End Task ကိုနှိပ် ဟူး …..မောလိုက်တာ …..

အထက်ပါနည်းက လုပ်နေကျအတိုင်းသွားတာ အခုပြောမယ့်နည်းကတော့ ခေါင်းစဉ်မှာရေး ထားသလိုပဲ

Run box မှာ Regedit လို့ ရိုက် Enter ခေါက်။

HKEY_CURRENT_USER\Control Panel\ Desktop ကိုရောက်အောင်သွားပါ။

ညာဘက်ခြမ်းက AutoEndTasks မှာ right click နှိပ် Modify ကိုရွေး

Value ကို 0 အစား 1 ပြောင်းလိုက် ပြီးရင် OK နှိပ်ထွက်ဗျာ။

ပုံမှန်အတိုင်း system boot မတက်ရင် system restore ကိုသုံးပါ။

COLOR=#NaNNaNNaN]ပထမစမ်းကြည့်ရန်

System down သွားရင် Windows GUI ပုံမှန်မတက်တော့ဘူးဆိုရင်တော့ အရင်ဦးဆုံး စက်ကို restart လုပ် စတက်လာရင် F8 ကိုနှိပ်ထား ပြီးရင် " Safe Mode " ကိုရွေး Enter ခေါက်ဖို့မမေ့နဲ့။ Safe Mode နဲ့တက်တယ်ဆိုရင် နောက်ထပ်တစ်ခေါက် Restart လုပ်ကြည့် ဒီတစ်ခါ normal နဲ့တက်ကြည့်ပေါ့ ရမလား မရဘူးဆိုရင်တော့။
[/COLOR][/SIZE][COLOR=#NaNNaNNaN]
ဒုတိယစမ်းကြည့်ရန်

နောက်ထပ်တစ်ကြိမ် စက်ကို restart လုပ် စတက်လာရင် F8 ကိုနှိပ်ထား ပြီးရင် " Safe Mode with command prompt"ကိုရွေး Enter ခေါက်ဖို့မမေ့နဲ့။ System က command prompt နဲ့တက်လာပြီဆိုရင်တော့ ရိုက်ရမှာက [/COLOR][/SIZE][COLOR=#NaNNaNNaN]
%systemroot%\system32\restore\rstrui.exe enter ခေါက်ပါ။ onscreen ညွှန်ကြားချက်အတိုင်း ကြည့်ပြီးတော့ system ၏ နဂိုကောင်းတဲ့ ပွိုင့်ကို ပြန်ရွေးပေးကြည့်ပါ။

မရဘူးဆိုရင်တော့ ဆိုင်ပို့ဗျာ။

ကျွန်တော် လည်း မရေးတာကြာနေပြီလေ...

ကျွန်တော်တို့  ကာလူးဂါဘလောဂ်လေး ကို လာရောက် လည်ပတ် အား ပေးကြတဲ့  ညီ လေးအကိုကြီးများ ကို ကျေးဇူးပါခင်ဗျာ..အရာအားလုံးသည် ဘာမှမလုပ်ပဲ နဲ့  အဆင်ပြေနိုင်ကြပါစေ ဗျာ...