အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

Showing posts with label အားလုံးမှန်တယ်...ဘယ်သူမှမမှားဘူး ... Show all posts
Showing posts with label အားလုံးမှန်တယ်...ဘယ်သူမှမမှားဘူး ... Show all posts
Tuesday, December 2, 2008
နောင်တော်မင်းတရာကြီး
နောင်တော်ကြီးမင်း(၁၇၆၀-၁၇၆၃)အလောင်းမင်းတရားရဲ့သားတော်အကြီးဆုံးပါ။ နန်းသက်ကသိပ်မကြာလိုက်တဲ့မင်းတစ်ပါးလည်းဖြစ်ပါတယ်။ သူ့လက်ထက်မှာစစ်ဒဏ်ကြောင့်ပင်ပန်းနေတဲ့တိုင်းသူပြည်သား တွေကိုငဲ့ညာပြီး စစ်ပွဲတွေကိုတက်နိုင်သမျှလျော့ခဲ့ပါတယ်။ ဖခင်စကားကိုနားထောင်ပြီး ပုံကန်ခြားနားခဲ့တဲ့ ညီတော်ကိုလည်းခွင့်လွှတ်ခဲ့ရုံသာမကအိမ်ရှေ့စံမင်းသားနေရာ ပေးခဲ့ပါတယ်။ ဒါပေမဲ့အလောင်းမင်းတရားရဲ့ရဲဘော်ခြောက်ကျိပ်ဝင်သွေးသောက်တွေရဲ့ ပုံကန်မှုကိုခံခဲ့ရပါတယ်။ ဖခင်အားကိုးရတဲ့လက်ရုံးရည်တော်တဲ့သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဖခင်ရဲ့သွေးသောက်ရဲဖော်ရဲဘက်များနှင့် ဆက်ဆံရေးပြေပြစ်ပုံမရပါဘူး။ ဒါကလည်းမင်းသား ကိုအပြစ်ပြောလို့တော့ရမယ်မထင်ပါဘူး။ ဘုရင့်သားတော်တွေဖြစ်လေ့ရှိတဲ့ပြသနာတစ်ခုလို့ မြင်မိပါတယ်။ ယေဘုယျပြောရမယ်ဆိုရင်တော့ စိတ်သဘောထားနူးညံ့ပြီးမိဘစကားကို နားထောင်တဲ့မင်းသားတစ်ပါလို့ပြောလို့ရပါတယ်။ ဖခင်ရဲ့သွေးသောက်ရဲဖော်တွေရဲ့ ပုန်ကန်မှုကိုခံခဲ့သည့်တိုင် သွေးသောက်တွေကိုမသတ်ခဲ့တဲ့အတွက် သံယောဇဉ်ကြီးပြီး ကျေးဇူးနာလည်တယ်လို့လည်းကောက်ချက်ချမိပါတယ်။
Labels:
အားလုံးမှန်တယ်...ဘယ်သူမှမမှားဘူး ..
Posted by
ကာလုဂါရောက် မြန်မာ ကျောင်းသားများ
Subscribe to:
Posts (Atom)