ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ

မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက်

တွေးဖွယ်ထိုက်ရာ ၊ တစ်ပိုဒ်တစ်လေ

တွေ့ငြားပေမူ ၊ စာပေကျေးကျွန်

ငါ့ဝတ်ပွန်ပြီ ၊ ငါအမွန်အမြတ်

ငါအတက်ဟု ၊ စာဖတ်သူပေါ်

ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ

မလုပ်ပါတည်း။။


တက္ကသိုလ်ဘုန်းနိုင်



အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

Tuesday, December 2, 2008

ဆင်ဖြူရှင်မင်း(၁၇၆၃-၁၇၇၆)

ယိုးဒယားကိုနိုင်အောင်တိုက်ခိုက်ခဲ့တဲ့မင်းတစ်ပါးဖြစ်ပါတယ်။ အယုဒ္ဒယကိုသိမ်းပြီး ဆင်ဖြူရလာသောကြောင့် ဆင်ဖြူရှင်ဆိုတဲ့ဘွဲ့ကိုခံယူခဲ့ပါတယ်။ လက်ရုံးရည်ပြည့်စုံတဲ့မင်းတစ်ပါးလို့ပြောလို့ရပါတယ်။ သူ့လက်ထက်မှာ တရုတ်တို့ရဲ့ကျူးကျော်မှု့ကိုလည်းခံခဲ့ရတဲ့ အတွက် နှစ်ရှည်လများတရုတ်နဲ့လည်းစစ်ဖြစ်ခဲ့ရပါတယ်။ စစ်ဖြစ်တာဟာလည်း အမြဲတမ်းတိုက်နေတာမျိုးမဟုတ်ပဲ နားလိုက်တိုက်လိုက်လုပ်ခဲ့တာပါ။ နောက်ဆုံးမှာမြန်မာ ဘက်ကနိုင်တဲ့အတွက် တရုတ်ဘက်ကစစ်ပြေငြိမ်းရေးကမ်းလှမ်းခဲ့ပါတယ်။ မြန်မာဗိုလ်ချုပ် ကသူ့သဘောနှင့်သူစစ်ပြေငြိမ်းခဲ့တဲ့အတွက်လည်း အဲဒီဗိုလ်ချုပ်အပြင်သူ့အိမ်သူအိမ်သားတွေ အပါအ၀င် တရုတ်ဘက်ကဆက်သခဲ့တဲ့လက်ဆောင်တွေကို ရွက်ပြီးတစ်နေကုန်နေပူထဲမှာ အခြောက်လှမ်းခံခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် ရာဇပရိယာယ်ကြွယ်ဝတဲ့ မင်းတစ်ပါးလို့မှတ်ယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဘက်ကစစ်ပြေငြိမ်းရေး စာချူပ်ကိုဖောက်ဖျက်ခဲ့မယ်ဆိုရင်တောင် သူသဘောမတူပဲနဲ့ မြန်မာဗိုလ်ချုပ်တစ်ယောက်က သူ့ဆန္ဒအတိုင်းစစ်ပြေငြိမ်းခဲ့တဲ့အတွက် သူ့နဲ့ဘာမှ မသက်ဆိုင်ကြောင်းပြောလို့ရပါတယ်။ နောက်ဆုံးပြောချင်တာကတော့ဖခင်စကားကိုပါယ်ရှားပြီးညီတော်အမြင့်မင်းသားကိုအိမ်ရှေ့စံမထားပဲ။ သားတော်စဉ့်ကူးမင်းသားကိုအိမ်ရှေ့စံပေးခဲ့ပါတယ်။ သွေးချောင်းစီးမဲ့နန်းတွင်းလူသတ်ပွဲတွေဟာဆင်ဖြူရှင်ခေတ်က စတင်ခဲ့တယ်လို့သတ်မှတ်လို့ရပါတယ်။ နောက်ထပ်ပရိယာယ်တစ်ခုကညီတော်အမြင့်မင်းသားကိုသူ့လက်ထက်မှာ အကျယ်ချူပ်သဘောမျိုးပဲထားခဲ့တဲ့အတွက်ညီတော်တွေကိုသူ့လက်နဲ့သတ်တယ်လို့နောက်လာနောက်သားတွေပြောလို့မရအောင်လုပ်ခဲ့ပါတယ်။

No comments: