ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ

မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက်

တွေးဖွယ်ထိုက်ရာ ၊ တစ်ပိုဒ်တစ်လေ

တွေ့ငြားပေမူ ၊ စာပေကျေးကျွန်

ငါ့ဝတ်ပွန်ပြီ ၊ ငါအမွန်အမြတ်

ငါအတက်ဟု ၊ စာဖတ်သူပေါ်

ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ

မလုပ်ပါတည်း။။


တက္ကသိုလ်ဘုန်းနိုင်



အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

Thursday, December 11, 2008

Firefox Browser ရှိ စာလုံးများ၏ font ကို ကြီးခြင်း သေးခြင်း။

တစ်ချို့ဝင်နေကျ ဆိုက်တွေမှာဆိုရင် စာလုံးက နဂိုကြည့်လို့ရတဲ့အရွယ်အစားထက်သေးနေတာ ကြီးနေတာတို့ဆိုရင် စာဖတ်ရတာအခက်အခဲဖြစ်နိုင်ပါတယ်။
ဒါဆို firefox မှာ စာလုံးအရွယ်အစားကို ပြင်ချင်တယ်ဆိုရင် ရိုးရိုးရှင်းရှင်း လုပ်ရမှာက Mouse နဲ့ဆိုရင် Ctrl ကိုဖိပြီးတော့ Mouse Scroll Wheel ကို အပေါ်အောက်ရွှေ့ကြည့်ပါ။

keyboard ကဆိုရင်

Ctrl နဲ့ အပေါင်းခလုတ်ကို တွဲနှိပ် ( စာလုံးကြီးမယ်)
Ctrl နဲ့ အနုတ်ခလုတ်ကိုတွဲနှိပ် (စာလုံးသေးမယ်)
Ctrl နဲ့ သုညခလုတ်ကိုတွဲနှိပ် ( ဘယ်လောက်ကြီးကြီး ဘယ်လောက်သေးသေး စာလုံးတွေကို မှုလအရွယ်အစားအတိုင်း ပြန်လည်ထားရှိပေးမှာဖြစ်ပါတယ်။