ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ

မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက်

တွေးဖွယ်ထိုက်ရာ ၊ တစ်ပိုဒ်တစ်လေ

တွေ့ငြားပေမူ ၊ စာပေကျေးကျွန်

ငါ့ဝတ်ပွန်ပြီ ၊ ငါအမွန်အမြတ်

ငါအတက်ဟု ၊ စာဖတ်သူပေါ်

ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ

မလုပ်ပါတည်း။။


တက္ကသိုလ်ဘုန်းနိုင်



အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

Tuesday, December 2, 2008

ကမ္ဘာမြေကမေးသော မေးခွန်းသုံးခု

ကမ္ဘာမြေသည် လူသာများ အပေါ် ချစ်ခြင်းလဲမှရှိ မုန်းချင်းလဲ မရှိ သလို မြတ်နိုးခြင်းလဲမရှိပါ။ ဖာသိဖာသာ နေလေ့ရှိသည်။ ကမ္ဘာမြေသည် လူသားတို့ အပေါ်ကို ဆုံးမခြင်း ဆုချခြင်း ဒါဏ်ခတ်ခြင်း အလျှင်းမရှိပါ။ကမ္ဘာမြေသည် ရွှေဥဥပေးတဲ့ ငန်းတစ်ကောင်နဲ့ တူပါ၏။ သူ့ကိုဒါဏ်ရာတွေ ရအောင်လုပ်ထားရင်တော့ ဥဥပေးနိုင်မည် မဟုတ်ပါ။ ကောင်းကောင်း ပြုစုလျှင်လူသား တို့အတွက် ဥများစွာကို ဥပေးပါသည်။ တခါတည်း အပြီးသတ်စား ချင်ရင်လဲရပါသည်။ သို့သော် နောက်ထပ် ရွှေဥပေးနိုင်တော့ မည်မဟုတ်ပါ။လူသားတို့သည် ကမ္ဘာမြေပေါ်ကို ဖက်တွယ်ကြ၏။ ကမ္ဘာကြီးပေါတွင် အသက်ရှင် နေထိုင်ကြသည်။ သေဆုံးသွားကြသည်။ကမ္ဘမြေကြီးသည် လူသားတို့ကို ဂရုမစိုက်ပါ။ သို့ရာတွင် ကမ္ဘာမြေကြီးသည် သူထံတွင် ခေတ္တတည်းခိုရန် လာရောက်သူများကို မေးခွန်း သုံးခုမေးလေ့ရှိသည်။ယင်းမေးခွန်းသုံးခုထဲမှပထမမေးခွန်း အတွက် အဖြေကို ရွေးချယ်ခွင့်မရှိကြပါ။ဒုတိယမေးခွန်း၏ ဖြေကို လူသားတို့ မသိကြပါ။တတိယ မေးခွန်း၏ အဖြေကိုကား လူသားတို့ စိတ်တိုင်ကျ ရွှေးချယ် ဖြေဆိုခွင့်ရှိပါသည်

No comments: