ငါ့စာဖတ်၍ ၊ မမြတ်တိုင်စေ

မရှုံးစေသား ၊ ပျင်းပြေနှစ်ခြိုက်

တွေးဖွယ်ထိုက်ရာ ၊ တစ်ပိုဒ်တစ်လေ

တွေ့ငြားပေမူ ၊ စာပေကျေးကျွန်

ငါ့ဝတ်ပွန်ပြီ ၊ ငါအမွန်အမြတ်

ငါအတက်ဟု ၊ စာဖတ်သူပေါ်

ခေါင်းကိုကျော်၍ ၊ ငါသော်ဆရာ

မလုပ်ပါတည်း။။


တက္ကသိုလ်ဘုန်းနိုင်



အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

အလှတရားတို့  ၏ရောင်ခြည်ဦးလေးများမှဖန်တီးသည်

Wednesday, May 13, 2009

ကံ နှင့်လူသား



လူကိုမြင်လျှင်၊ လူလိုပင်၊ လူတွင် ဆက်ဆံရာ။

လူကိုကျော်တွေး၊ လူနှင့်ဝေး၊ လူရေး မလှပါ။

လူကိုဖျက်ဆီး၊ လူ့အချည်းနှီး၊ မပြီး လူ့ကိစ္စာ။

လူကျော်လူဖျက်၊ ထိုနှစ်ချက်၊ လူ့တွက် ဆင်းရဲရှာ။

လူနဲ့လူတို့၊ ချမ်းသာဘို့၊ လူတို့ ပြုရမှာ။

လူဆင်းရဲတာ၊ လူ့ကြောင့်သာ၊ လူမှာ ပြုပြင်ပါ။

ကံဟူသမျှ၊ လူမှစ၊ လူက ပြုလုပ်တာ။

ကံကောင်းလိုလျှင်၊ လူသာပြင်၊ လူတွင် ကျင့်ရမှာ။

ကံညံ့တာလည်း၊ လူကြောင့်ဘဲ၊ ဖောက်လွဲကျင့်သိက္ခာ။

ကံဆိုးကံကောင်း၊ အလှည့်ပြောင်း၊ ဖြစ်ကြောင်းလူကသာ။

ကံသာအမိ၊ ကံသာ ”ဖ”၊ ရှေးကဆိုတဲ့စာ။

သျှင်တော်မိန့်ဟော၊ ကံသဘော၊ မနော,ကိုယ်,နှုတ်ပါ။

ကံဟာ လူ့ကျွန်၊ လူပြုပြင်၊ လူတွင်ကံကောင်းမှာ။

ကိုယ်ရရှိကံ၊ ကိုယ်သာဖန်၊ ဧကန်မုချမှတ်။

လူပြောသူပြော၊ ကံသဘော၊ မိန့်မောမနေအပ်။

လူကိုဖယ်ထား၊ ကံတရား၊ ဘာများပြုလုပ်တတ်။

လူ၏မူရာ၊ ကံဟုသာ၊ သေချာတွေးခေါ်မှတ်။

ပစ္စုပ္ပန္န၊ ကံဘဝ၊ ဃန သိအပ်စွာ။

မွေးသေအတွင်း၊ ပြုလုပ်ခြင်း၊ မယွင်း ကံသစ္စာ။

မွေးသေဟိုဘက်၊ ပြုလုပ်ချက်၊ တွက်ချက်မဖွေရှာ။

ယခုပြုက၊ ယခုရ၊ ဒိဋ္ဌဓမ္မပါ။

No comments: