
အရှေ့ ကနေထွက်တယ်...အနောက်ကိုနေ၀င်တယ်
နေ့ မှာနေထွက်ပြီး ညမှာလသာတယ်
နွေမှာပူပြီး ဆောင်းမှာအေးတယ်...မိုးတွင်းမှာမိုးရွာတယ်
နေရဲ့ တာဝန်က နေ့ တစ်ခြမ်းအတွက်ပဲ
လရဲ့ ဂျုတီက ညတစ်ခြမ်းအတွက်ပဲ (တစ်ရက်ကိုသူတို့ နှစ်ယောက်ခွဲပြီးပိုင်စိုးထားတယ်)
ဆောင်းမှာမပူသလို နွေမှာမချမ်းဘူး....မိုးတွင်းကြီးတော့ နှင်းမကျနိုင်ပါဘူး
အရာရာအဆုံးရှိတယ်သူငယ်ချင်း
ဒီနေ့ မွေးပေမယ့်မနက်ဖြန်သေသွားနိုင်တာပဲ....နက်ဖြန်မသေတောင်
နောက်နေ့ နောက်နေ့ တွေမှာ မင်းဘ၀ချုပ်ငြိမ်းသွားနိုင်တယ်....အဆုံးသင်္ခါရ ကိုငါတို့
လူသားတွေကစပြီး ကမ္ဘာလောကတစ်ခွင်လုံး လက်ကိုင်ထားရတယ်လေ....
အသက်တစ်ရက် ကြီးလာတာဟာ သေဖို့ တစ်ရက်နီးလာတာနဲ့ တူတူပဲ
သေဖို့ တစ်ရက်နီးလာမှာကို ပျော်ရွှင်စွာနဲ့ ဒင်နာပေးနေမလားသူငယ်ချင်း
ခရီးရှည်တစ်ခုကိုအားလုံးထွက်ကြရမယ်လေ...မထွက်ခင် ပြင်ဆင်ထားလိုက်တာအကောင်းဆုံး
လို့ ငါထင်တယ်...ထွက်ပြီဟေ့ ဆိုမှ ငါဘာတွေပြင်ထားပါလိမ့်လို့ လှည့်ကြည့်လို့ မရတော့ဘူး
မင်းကိုပြင်ဆင်ဖို့ ပေးထားတဲ့အချိန်တွေကို မင်း လတ်တလောသာယာမှုအတွက် သုံးမှာလား
ပေးထားတဲ့အချိန်ကိုအကျိုးရှိရှိသုံးလိုက်ကြပါကွာ...ပညာချိန်မှာ ပညာလုပ်လိုက်ပါ...သဘာဝတရား
ကြီးကအချိန်ကိုခွဲတမ်းချပေးပြီးသားပါ....မှားယွင်းစွာအသုံးမချမိဖို့ ပဲလိုတယ်....ပြင်ဆင်လိုက်ပါသူငယ်ချင်း
နောက်ကျနေပြီဆိုပေမယ့် တစ်ဝက်ခရီးကိုတော့မင်းမှီမှာပါ................................
इफ यौर बोर्न पूर,इट्स यौर्स नोट मिस्ताके
इफ यौर डेथ पूर,इट्स यौर्स मिस्ताके
ကျရောက်ခဲ့တဲ့မွေးနေ့ လေးမှာအမှတ်တရ ချပြခဲ့တယ်
No comments:
Post a Comment